ဗာဂျီးနီးယားဝုဖ် *
မြစ်ကမ်းမှာ ခြေမချခင်
ရင်ခွင်အိမ်မှာ ဘာတွေပွင့်ဝေခဲ့လဲ။
ဆီလ်ဗီယာပလာသ့် **
ဓာတ်ငွေ့ ခလုတ်ကို မဖွင့်လှည့်ခင်
နှလုံးသားနံရံမှာ ဘာတွေ ချိတ်ဆွဲခဲ့လဲ။
အမှန်တရားတဲ့လား။
ခေါင်းခါ မျက်နှာလွှဲ
ဘယ်လို အသွင်ပြောင်းကာ အိပ်မွေ့ ချ
ရှင်တို့ လို ပဲ ကျွန်မလည်း ပကတိမြင်တယ်။
သို့ ပေမယ့် လည်း
မပြင်ဆင်ရသေးဘူးကွဲ့ ။
နက်မှောင်စူးခါး ကြောက်လွန်းလှချည့်...
“ ဒီကမ္ဘာမှာ မင်းမရှိလည်း ဖြစ်တယ်” လို့ 
ကျေးဇူးပြုပြီး ထပ်မပြောနဲ့ ။.........။
* Virginia Woolf
** Sylvia Plath
Sunday, July 12, 2009
Subscribe to:
Post Comments (Atom)
21 comments:
ဟ ဟာ့ .. တစ်ခါမှ comment ပေးတဲ့နေရာမှာ ၁ မရဖူးဘူး... ဒီတစ်ခါတော့ ပထမ ဘဲး..
စာတော့ဖတ်ရသေးဘူး.. ခဏနေဖတ်မယ်
“ ဒီကမ္ဘာမှာ မင်းမရှိလည်း ဖြစ်တယ်” လို့ 
ကျေးဇူးပြုပြီး ထပ်မပြောပါနဲ့ ။.........။
ကြိုက်တယ် မမ ရယ် ဒီစကားလေး ကို....။ ဖြစ်တော့ ဖြစ်တယ်...ဒါပေမယ့် မဖြစ်ဘူးပေါ့နော်..အဟဲ....။ ကောင်းတယ် ကဗျာစာလေးက..။ ချစ်ခြင်း ၂၁ ဘယ်တော့လဲ မမ...စောင့်နေတယ်နော်..။
အရမ်းကောင်းတဲ့စာသားလေးပဲ..
ဒီကမ္ဘာမှာ မင်းမရှိလည်း ဖြစ်တယ်” လို့ 
ကျေးဇူးပြုပြီး ထပ်မပြောပါနဲ့ ။.........။
ကြိုက်တယ်..ကြိုက်တယ်..မမကိုး။
ဟေ့..ဟေ့...
ဗာဂျီးနီးယားဝုဒ်လို..
ဆစ်ဗီယာပသာ့် လို
ဒီကမ္ဘာမှာမင်းမရှိရင်ဖြစ်တယ် ဆိုတဲ့စကားလေးတစ်ခွန်းထဲကြောင့်တော့ မလုပ်လိုက်ပါနဲ့..။
(ဒါက စတာ..)
ဟုတ်တယ်....
နောက်ဆုံး...သေခြင်းတရားကို ထွက်ပေါက်လို့ယူဆလိုက်ကြတော့တာ...
လမ်း...ကိုယ်မလျှောက်ရသေးတဲ့လမ်းမတစ်ခုပေါ့..
ဒါပေမယ့် သိပ်စိတ်ဝင်စားစရာကောင်းတယ်....။
ထွက်ပေါက်တစ်ခုပေါ့.....
ဒါပေမယ့် တစ်ခြားဘက်မှာ ဘယရှိမှန်းမသိသေးတဲ့..။
အနိုင်ပိုင်းခြင်း တစ်ခုပေါ့...
ကိုယ်တိုင်တော့ သေအောင်ကို အထိနာခဲ့တာပါ..
မ၀တ်ဆင်ရသေးတဲ့ ၀တ်စုံတစ်စုံပေါ့....။
အနက်ထည်ပါပဲ..
ဒါပေမယ့် နူးညံလွင့်မျောနေလိမ့်မယ်..ယုံကြည်ရဲ့။
အလဲ့...
ကိုယ်တောင်ကဗျာတစ်ပုဒ်ရေးဖြစ်သွားပါရော...
ချစ်တဲ့
မရေ...............
ဒီကမ္ဘာမှာ မင်းမရှိလည်း ဖြစ်တယ်” လို့ 
ကျေးဇူးပြုပြီး ထပ်မပြောပါနဲ့ ။
ကောင်းတယ်သိလားမြူးလေးလဲကြိုက်တယ်
ခင်တဲ့
မြူးလေး
တကယ်တော့လည်ဒီကမ္ဘာမှာ မင်းမရှိလည်း ဖြစ်
ပါတယ်ကွယ်..... အားလုံးနဲ့ဆန့်ကျင်ပြီးပြောကြည့်တာ အဟီး :P
ဒီကဗျာကို နားလည်ဖို့
Virginia Woolf
Sylvia Plath
ကို အရင်သွားရှာကြည့်လိုက်အုံးမယ်။
မမီဘူးကွယ်။
သိသွားပြီ ကဗျာရှင်ရေ။
ခံစားချက်တွေ ပြင်းထန်လွန်းလိုက်တာ။
ကိုယ့်နှလုံးသားကတော့ နုတယ်
သူတို့နှစ်ယောက်ကို သွားဖတ်မိတာ ရင်တောင်တုန်တယ်။
ဒီကမ္ဘာမှာ မင်းမရှိလည်း ဖြစ်တယ်” လို့ 
ကျေးဇူးပြုပြီး ထပ်မပြောပါနဲ့ ။ ကြိုက်တယ်
မကိုးရာ အဲလေ အကြောင်းလေး တင်မကဘူး
တစ်ပုဒ်လုံးကို ကြိုက်တယ် အမရေ ...
ကဗျာကောင်းလေးဘဲဗျာ...
အဟင့် ညီမ ပိန်တယ် အဲလေ ပိန်းတယ် မမ အဲဒီလူ ၂ ယောက် အဒူတုံး များလဲ သိဘူး ဟိုအပေါ်ကတယောက်ပြောသလိုဆိုရင် ကဗျာဆရာတွေလား ဟုတ်လား အင်းးးးးးးး ငှက် ငှက် နင်တော့ တော်တော် ဗဟုသုခေါင်းပါးတာပဲ လေ့လာလိုက်စားဦးမှပါ
ဟုတ်တယ် ငှက် တော်တော် ပိန်းတယ် တော် ပီ ဂနေ့ကစပီး မမများ အဖွဲ့နဲ့ချက်တော့ဘူးရယ်
မမ တာ့တာ ပျော်ရွှင်ပါစေ ဘိုင်
ဒီတခါ ပြင်းတယ်နော် ;)
“ ဒီကမ္ဘာမှာ မင်းမရှိလည်း ဖြစ်တယ်” တဲ့လား?်တို့ကတော့ လူတွေ တော်တော်များများအတွက် ကိုယ်မရှိလဲ ဖြစ်တယ်လို့ တွေးနေမိတာ
မယ်ကိုးရေ....
ဒီကမ္ဘာမှာ မင်းမရှိလည်းဖြစ်တယ်....လို့ ကျေးဇူးပြုပြီး ဘယ်သောအခါမှ မပြောရဘူးနော်..... :) :) :)
ကြောက်တယ်ဗျာ... ခေတ်ကြီးကိုက မာယာများနေတော့လည်း ကြောက်တာပေါ့ဗျာ...
ပျော်ရွှင်ပါစေနော်.....
ခင်တဲ့
ပြည့်စုံ
ဆရာမလေးက ဆရာမကြီးတွေအကြောင်းလဲ နဲနဲ ထည့်ရေးဦးမှပေါ့...
အခုတော့ ပေးတဲ့သူက တခြား..
ရတဲ့သူက တလွဲတွေဖြစ်ကုန်ပြီ...
းဝ)
ဟေ့ငှက်ကလေး..
ဘာမှအားငယ်နဲ့ ဒို့ လဲတိဘူး..။
မတိလို့ မမန့်ရဲတာ
အခုတော့ မန့် လိုက်ပြီး
အဲဒီ နှစ်ယောက်ကို အတူတူတွားချာရအောင်
တစ်ရောက်ထဲဆို ကြောက်လို့ ..။
အပေါ်က နိမိတ်ရေးပြထားတဲ့
ဆရာမကြီးတွေ
ထွက်ပေါက်ကို ထွက်မသွားခင် အချိန်ပိုင်းလေး
သူတို့မျက်နှာ ဘယ်လိုရှိမလဲ ...
သူတို့နှလုံးသားမှာ အဲဒီအချိန်ပိုင်းလေး ဘာရှိမလဲ ....
စိတ်ဝင်စားစရာကောင်းတယ် ...
အမှန်တရားဆိုတာ လူတစ်ယောက်ဆီမှာ
တစ်ခုဆီရှိတယ် ....
ဒါပေမယ့် မအိန္ဒြာ စ သလို စကားလေးတစ်ခွန်းအတွက်နဲ့တော့ မလုပ်လိုက်ပါနဲ့
ဆရာမလေးရေ :)
ကောင်းသောနေ့ပါဗျာ :)
သို့ ပေမယ့် လည်း
မပြင်ဆင်ရသေးဘူးကွဲ့ ။
နက်မှောင်စူးခါး ကြောက်လွန်းလှချည့်...
“ ဒီကမ္ဘာမှာ မင်းမရှိလည်း ဖြစ်တယ်” လို့ 
ကျေးဇူးပြုပြီး ထပ်မပြောပါနဲ
သိပ်ကောင်းတဲ့ကဗျာလေးပါ
ဒီလိုဒဿနဆန်တဲ့ကဗျာမျိုးတွေကို
အချစ်ကဗျာတွေထက်ပိုပြီးမြိုကျလို့ ဖတ်ရတာအရသာရှိတယ်ညီမရေ
သိပ်တော့ မကျေနပ်ဘူး..း( (တကယ်ပြောတားP)
သူများတွေလို တစ် တွေ ဘာတွေလည်း လိုချင်သေးတာလေ..
အခုမှလာဖတ်ဖြစ်လို့ ဆိုတာက ဒီရက်ပိုင်း အလုပ်များသွားလို့..
ကဗျာလေးက ကောင်းတယ်..
တကယ်ဖတ်လို့ကောင်းတာ..
“ဒီကမ္ဘာမှာ မင်းမရှိလည်း ဖြစ်တယ်” တဲ့နော် စိမ်းကားလိုက်တာ..
ခင်မင်ပျော်ရွှင်တတ်တဲ့
ကိုရင်နော်
ဒီကမ္ဘာမှာ မင်းမရှိလဲ ဖြစ်တယ်လို့ ကျေးဇူးပြုပြီး ထပ်မပြောပါနဲ့
ဒီကမ္ဘာမှာ မင်းရှိခဲ့ရင် ဖြစ်လာမယ့် ပြောင်းလဲမှုမှာ
ပြင်ဆင်ချိန်များရခဲ့လေမလားနော်..
ကဗျာလေးလှတယ်...
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
ခုတစ်လော ကိုးကိုးရဲ့ ဝတ္တုတွေ ဖတ်ဖြစ်တယ်...
ကောင်းတယ်ဗျ
ငှက်ကလေးနဲ့စည်သူရေ..တို့လည်းပါမယ်ဟ။။ဒါဆိုရင်တော့အုပ်စုတောင့်ပြီ။ ၃ ယောက်။ မတွေ့တွေ့အောင်ကိုရှာကြစို့ဟာ။ ၀ုတ်ပြီလား။အဟားဟား
မင်းမရှိလည်း ဖြစ်တာပေါ့ ... ဟဲဟဲ
အသည်းနှလုံး မရှိဘူးလို့တော့ မပြောနဲ့နော်...
ဒီနေ့အတွက်တော့ လုံလောက်သွားပြီ
အခုပဲ ကဗျာစစ်စစ်တစ်ပုဒ်ဖတ်လိုက်ရတယ်။
ကျေးဖူးပါပဲ။
တော်လိုက်တာ။
Post a Comment